A Dream
Sunday, December 28, 2014
Monday, January 2, 2012
အိပ်မက်

စီးခြားနေတဲ့အိပ်မက်တစ်ခု
ညနက်ကြီးမှာရောက်လာတဲ့ တစ်စုံတစ်ရာ အဲဒီတစ်စုံတစ်ရာဟာဘာလဲ အသံလား အငွေ့လား အထိအတွေ့လား ဘယ်လိုမှန်းမသိခံစားလိုက်ရတယ်
ဟာ..... ဒါ.... သူများတွေပြောတဲ့သူရဲခြောက်ခံရတယ်ဆိုတာလား
အဲဒီအချိန်မှာ ဆံပင်တွေကမိုးကြိုးပစ်သလိုထောင်လာပြီး ကြက်သီးတွေထလာတယ် ငါတော့သွားပြီထင်တယ်လို့ထင်နေချိန်မှာ မီးကချက်ချင်းဖျက်ကနဲပွင့်လာတယ်လို့စိတ်ထဲမှာထင်တာ
ဒါပေမယ့်မီးပွင့်တာမဟုတ်ဘူး မျက်စိထဲမှာမြင်လိုက်ရတာက လင်းနေတဲ့အသူတရာနက်တဲ့ချောက်ကြီးတစ်ခုကိုတွေ့လိုက်ရတာ
အဲဒီအချိန်မှာ ကိုယ်ကိုတိုင်က ဘယ်နေရာရောက်နေမှန်းမသိဘူး စိတ်ထဲမှာ မွန်းကြပ်သလိုခံစားလိုက်ရတယ် အဲဒီနက်ရှိုင်းတဲ့ချောက်ကြီးရဲ့ အခြေကျဆုံးနေရာမှာ ကြယ်တမျှလက်နေတဲ့ အရာတစ်ခုကိုတွေ့လိုက်ရတယ် အဲဒါဘာလဲမသိဘူး ငါနဲ့တဖြည်းဖြည်းနီးလာသလိုခံစားလိုက်ရတယ် ဘာလဲဆိုတာသိချင်တဲ့စိတ်ကပျင်းပြလာလေ တဖြည်းဖြည်းနဲ့ပိုပိုနီးလာလေ ဖြစ်လာတယ်
အရောင်တွေထွက်နေတဲ့ လူတစ်ယောက်ပဲလို့စိတ်ထဲမှာထင်တယ်
အရောက်ထွက်တာမှ မျက်စိစူးလောက်အောင်အရောက်ထွက်နေတာ
ဘာလဲဆိုတဲ့ သိချင်စိတ်နဲ့ငါအနားတိုးသွားတော့
သူဆီကစူးရဲတဲ့အရောင်က တဖြည်းဖြည်းငါမျက်စိကိုကြည်လင်လာစေတယ်
ဟာ..... လူတစ်ယောက်ပဲ
တဖြည်းဖြည်းအနားတိုးလိုက်တော့ ကောင်မလေးတစ်ယောက်ပဲ
အဲဒီကောင်မလေးရဲ့ကျောနောက်မှာ အဖြူရောင်အတောင်ပံ နှစ်ခုပါတယ်
သူမက သူ့အနားတိုးလာတာကိုမြင်တော့ မြင်ဖူးသလိုအကြည့်နဲ့ကြည့်တယ်
သူမကြည့်တဲ့အချိန်မှာပဲ မြင်ဖူးသလိုခံစားလိုက်ရတယ်
ဒီကိုဘယ်လိုရောက်နေတာလဲလို့မေးလိုက်တော့
သူမကခေါင်းခါပြတယ်
သူမစကားမပြောတတ်ဘူးဆိုတဲ့အကြောင်းကို
လက်ဟန်ခြေဟန်နဲ့ပြတယ် ဘာပြောတာလဲမသိဘူး
သူမစကားမပြောတတ်ဘူးပဲ
ငါသူ့နားကိုရောက်သွားတယ်ခြေတောက်တွေကမရွှေ့ရဘဲ အလိုလိုရောက်သွားတယ် သူ့အနားရောက်လေ ငါ့ရဲ့ရင်ထဲကတစ်ခါမှမခံစားဖူးသလို ခံစားနေရတယ် ဒါ.....ငါ ရင်ခုန်တယ်ဆိုတာများလား မိုးကြိုးပစ်သလိုဆံပင်ထောင်နေတာတွေဘယ်ရောက်သွားပြီလဲမသိဘူး
စိတ်ထဲမှာတော့ရယ်ချင်မိတယ် သူမကိုတွေ့တာနဲ့ ဘယ်လိုမှန်းမသိတဲ့စိတ်တွေက
အခုတော့ဘယ်လိုမှန်းသိလာတယ်
သူမက ရုပ်ရုင်ထဲကမင်းသမီးလိုတော့မလှပါဘူး ဒါပေမယ့် သူ့မျက်နှာက အေးချမ်းပြီးချစ်စရာကောင်းတယ်လို့စိတ်ကထင်မိတယ်
ချစ်စရာကောင်းတယ်လို့ စိတ်ထဲကထင်မိတယ် သူမကိုဘယ်သူလည်းဆိုတာ သိချင်လာတယ် ခက်တာက သူစကားမပြောတတ်ဘူးပဲ သူမကိုကလည်းငါ့ကို ကြည့်တဲ့ပုံကရင်နှီးသလိုခံစားရတယ် ငါသူ့အပေါ်ကိုခံစားနေရတဲ့ခံစားချက်လိုပဲ သူခံစားနေရတယ်ထင်တယ် သူမကအခြားနေရာတစ်ခုကိုညွှန်ပြတယ် အဲဒီနေရာကို သွားရအောင်ဆိုတဲ့အဓိပ္ပါယ်နဲ့ကြည့်ပြီး ငါ့လက်ကိုဆွဲပြီးသူမရဲ့ အတောင်ပံနှစ်ခုကို ခတ်လိုက်တယ်
ငါလေထဲမှာ ပေါ့ပါးစွာနဲ့သူမခေါ်ရာနောက်ကို ပါသွားတယ်
သူမရဲ့အတောင်ပံခတ်လိုက်တိုင်း ကြယ်စင်တွေသူမနောက်ကိုလိုက်နေသလိုမြင်ရတယ်
သူမအကြောင်းစဉ်းစားနေချိန်မှာပဲ အလွန်သာယာတဲ့နေရာတစ်ခုကိုရောက်သွားတယ်
အဲဒီနေရာမှာ မှန်အခေါင်းတစ်ခုကိုတွေ့လိုက်ရတယ် သူမက အဲဒီမှန်အခေါင်းတစ်ခုကို ညွှန်ပြတယ် မှန်အခေါင်းထဲကိုကြည့်လိုက်တော့ သူမရဲ့ပုံတူပဲ
သူမကို အံ့သြစွာနဲ့ပြန်ကြည့်လိုက်တော့ သူမ၀မ်းနည်းစွာငိုနေတယ်
သူမငိုနေတာမြင်ရတော့ ငါ့ရဲ့ရင်ထဲမှာစိတ်ထိခိုက်လာတယ် သူမက ငါ့ကို စိုနေတဲ့မျက်ဝန်းတွေနဲ့စိုက်ကြည့်တယ် သူမနဲ့ ငါက စီးခြားနေတယ်ဆိုတဲ့အကြောင်းကို ငါ့ကိုခြေဟန်လက်ဟန်နဲ့ပြတယ် ငါသူမရဲ့ခြေဟန်လက်ဟန်တွေကို (ဘာလို့နားလည်လွယ်တာလဲ)
တဖြည်းဖြည်းနဲ့သူမကိုကြည့်ရတာေ၀၀ါးလာတယ် အမြင်တွေကေ၀၀ါးလာလေ သူမရဲ့ငိုရှိုက်သံက ငါရဲ့ရင်ကိုပိုပိုစို့နင့်လာစေတယ် ငါ့ရဲ့အမြင်တွေကေ၀၀ါးရင်းနဲ့ပဲ ဘာမှမမြင်ရတော့ဘူး ငါ့ရဲ့ရင်တစ်ခုလုံးစို့နင့်အောင်ခံစားနေရတယ် အဲဒီအချိန်မှာ ငါအိမ်မက်မက်နေတာပါလားဆိုတာကို သိလာတယ် သူမအနားမှာ ရှိမလားဆိုတဲ့မျှော်လင့်ချက်နဲ့ အိပ်ယာဘေးဘီဝဲယာကို လိုက်ကြည့်မိတယ်

သူမငိုနေတာမြင်ရတော့ ငါ့ရဲ့ရင်ထဲမှာစိတ်ထိခိုက်လာတယ် သူမက ငါ့ကို စိုနေတဲ့မျက်ဝန်းတွေနဲ့စိုက်ကြည့်တယ် သူမနဲ့ ငါက စီးခြားနေတယ်ဆိုတဲ့အကြောင်းကို ငါ့ကိုခြေဟန်လက်ဟန်နဲ့ပြတယ် ငါသူမရဲ့ခြေဟန်လက်ဟန်တွေကို (ဘာလို့နားလည်လွယ်တာလဲ)
တဖြည်းဖြည်းနဲ့သူမကိုကြည့်ရတာေ၀၀ါးလာတယ် အမြင်တွေကေ၀၀ါးလာလေ သူမရဲ့ငိုရှိုက်သံက ငါရဲ့ရင်ကိုပိုပိုစို့နင့်လာစေတယ် ငါ့ရဲ့အမြင်တွေကေ၀၀ါးရင်းနဲ့ပဲ ဘာမှမမြင်ရတော့ဘူး ငါ့ရဲ့ရင်တစ်ခုလုံးစို့နင့်အောင်ခံစားနေရတယ် အဲဒီအချိန်မှာ ငါအိမ်မက်မက်နေတာပါလားဆိုတာကို သိလာတယ် သူမအနားမှာ ရှိမလားဆိုတဲ့မျှော်လင့်ချက်နဲ့ အိပ်ယာဘေးဘီဝဲယာကို လိုက်ကြည့်မိတယ် ဘယ်လိုလို့သူမကရှိလာမှာလဲ အိပ်မက်မက်တာပဲ မနက်မိုးလင်းတာနဲ့ဝတ္တရားရဲ့ခိုင်းစေချက်တွေကို လုပ်ပြီး အလုပ်သွားရတော့မယ် အလုပ်နဲ့ကိုယ့်အိမ်ရဲ့လမ်းမှာ ငါ့ရဲ့စို့နင့်နေတဲ့ရင်ထဲကခံစားချက်တွေက အခုထိစိုးမိုးနေတုန်းပဲ နောက်နေ့နောက်နေ့တွေလည်းဒီလိုပဲခံစားရမှာလား ခံစားရလေ အိပ်မက်ထဲကဘာမှန်းမသိတဲ့ကောင်မလေးက ငါ့ကိုစိုးမိုးနေတယ် သူမကဘာလို့စီးခြားတဲ့အဓိပ္ပါယ်ကိုပြရတာလဲ ငါကရောသူမရဲ့အမူအရာတွေကိုဘာလို့များ နားလည်နေရတာလည်း အပြင်မှာသူများအမူအယာနဲ့ပြခဲ့ရင်တောင် သိပ်နားလည်တာမဟုတ်ဘူး ထူးတော့ထူးဆန်းတယ်

Sent at 3:49 AM on Saturday
မှတ်ချက်-စည်းခြားနေတဲ့ သူများကို ရည်ညွှန်းပါသည်။
ဒီစာကိုဖတ်ပြီးဝေဖန်ပေးပါ။
ငါ့ဘ၀ကို ရေစုန်မျှောလိုက်ချင်တဲ့တစ်ချိန်က
ဘ၀တစ်ဆစ်ချိုးမှာ ရေစုန်မျှောလိုက်ရတဲ့ ငါ့ရည်မှန်းချက်တွေကို တကယ်နှမြောတယ်.... ကိုယ့်ရဲ့အသုံးမကျမှုလို့ပဲ
ကိုယ့်ကိုကိုယ်ယူကျုံးမရဖြစ်ရတဲ့အချိန်က ..........
ဘ၀တစ်ဆစ်ချိုးတဲ့အချိန်မှာ ငါဘာလုပ်နေလဲ ကိုယ့်ရဲ့ဘ၀တစ်ဆစ်ချိုးမှာ လမ်းကြောင်းကောင်းဖို့ငါကြိုးစားရမယ်လေ....
ငါ့ရဲ့ဘ၀တစ်ဆစ်ချိုးလှပဖို့ ပံ့ပိုးထားတဲ့ မိဘတွေကိုမှမထောက်.... ငါအသုံးမကျခဲ့တာပဲ.....
ငါလေလွှင့်နေခဲ့တယ်...ဘာရယ်မဟုတ်တဲ့လေလွှင့်ခြင်းမျိုးနဲ့....ငါ့ဘ၀တစ်ဆစ်ချိုးကို ငါကုန်လွန်စေခဲ့တယ်..... အဲဒီအချိန်မှာ
ငါဘာလို့များ အသိမရှိခဲ့တာလဲ.....
အဲဒီအချိန်က ဆုံးမခဲ့တဲ့ သြ၀ါဒကို ပုံပြင်တစ်ပုဒ်လိုနားထောင်ပြီး လွယ်လွယ်လေးနဲ့ပဲ မေ့ထားခဲ့တယ်....
သြ၀ါဒကို လိုက်နာရမှန်းမသိဘူး...... အခုဘ၀တစ်ဆစ်ချိုးမှာ ငါဖြစ်ချင်တာမဖြစ်ရတော့.... ငါ့တစ်ဘ၀လုံးအတွက်....
ကိုယ့်ကိုကိုယ် ရေစုန်မျှောရပြီပေါ့.. ငါတွေးခဲ့တဲ့ ငါ့ဘ၀တိုးတက်မှုလမ်းကြောင်းက မှေးမှိန်ပျောက်ကွယ်နေပြီပဲ... တဖြည်းဖြည်းနဲ့လမ်းကြောင်းက ပျောက်ကွယ်သွားပြီ... ငါနဲ့အတူဖြတ်သန်းလာတဲ့ တွဲဖက်တွေကတော့ သူတို့လမ်းကြောင်းကို သူတို့အမြင်ကြည်လင်စွာနဲ့ပဲ လျှောက်လမ်းသွားကြပြီ.. ဘာကြောင့် ငါ့အလှည့်မှ မှေးမှိန်နေရတာလဲ... ငါ့ဒီလမ်းကြောင်းအတိုင်းပဲ ငါလျှောက်ရတော့မှာလား..... ငါ့ဆီမှာဒီလိုအဖြစ်အပျက်တွေရှိလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး.... ငါတကယ်ပဲ ငါလျှောက်ချင်တဲ့လမ်းကို
ငါမလျှောက်ရတော့ဘူးပေါ့..... တကယ်ခံစားရတယ်...... လျှောက်လှမ်းခဲ့ရတဲ့ငါ့ဘ၀တစ်လျှောက်မှာ ဒီလိုခံစားမှုမျိုး
ခံစားရမယ်လို့ မတွေးခဲ့ဘူး....ဒီလိုခံစားရမယ်လို့လဲ မထင်ခဲ့ဘူး......
ငါ့ရဲ့ လမ်းကြောင်းကဒီနေတင်ဆုံးနေပြီပဲ... ရှေ့ဆက်လှမ်းဖို့ဆိုတာမရှိတော့တဲ့လမ်းမှာ ငါ..စမ်းတ၀ါးဝါးနဲ့ မလျှောက်ချင်ဘူး... ဒီလိုလျှောက်နေရတာ ငါ့ရည်မှန်းချက်မဟုတ်ဘူး... ငါအမုန်းဆုံးပဲ.. ဒီလိုအဖြစ်မျိုးငါအမုန်းဆုံးပဲ...
မိုင်တွေနေတယ်ဆိုတာလဲ ငါ့ဘ၀မှာမရှိစေရဘူး... ဆက်လျှောက်လို့မရ မှေးမှိန်နေတဲ့လမ်းကြောင်းကို ငါဘယ်တော့မှ
မလျှောက်ဘူး...လျှောက်လည်းမလျှောက်ချင်ဘူး......
ငါ့ဘ၀ရဲ့သင်ခန်းစာတစ်ခုလိုတော့ ငါမှတ်သားရလိမ့်မယ်.....
အရင်က မဖြစ်ခဲ့တဲ့ရည်မှန်းချက်တွေကို ငါဆက်ပြီးမဆွေးချင်တော့ဘူး ကြာရင်ငါ့တိုးတက်မှုလမ်းကြောင်းပျောက်
သွားတော့မယ်... မမြင်ရတဲ့လူတစ်ယောက်လိုတော့ ငါမနေနိုင်ဘူး..... လမ်းတစ်ဆစ်ချိုးမှာတင် ငါရှေ့သွားလို့မရတော့
တာကို ရှေ့သွားလို့ရအောင် ငါဆက်ပြီးကြိုးစားရလိမ့်မယ်....... ထိုင်နေလို့ကတော့ ဘာမှ ဖြစ်လာမှာမဟုတ်သလိုပေါ့..... ဒါနဲ့ပဲ....ငါရည်ရွယ်ချက်ပြောင်းခဲ့တယ်.....
ငါပြောင်းလိုက်တဲ့ရည်မှန်းချက်က ငါ့ကိုအတွေ့အကြုံသစ်တွေအများကြီးရစေတယ်.... ရည်မှန်းချက်ပြောင်းရင်းနဲ့ပဲ..
နိုင်ငံတကာအသုံးပြုနေတဲ့ အလုပ်ကို လုပ်ခဲ့တယ်.....အဲဒီအလုပ်က ငါဝါသနာပါတယ်လို့မထင်ခဲ့ဘူး..... အလုပ်ထဲမှာစိတ်နှစ်ရင်းနဲ့ပဲ ငါလုပ်တဲ့အလုပ်က ငါကိုယ်တိုင်ဝါသနာပါတဲ့အလုပ်ဖြစ်ခဲ့တယ်.... ကိုယ်ကိုတိုင်ကလည်း ၀ါသနာပါလို့ပါမှန်းမခဲ့ဘူး..... အခုတော့ ငါ... ငါ့ရဲ့အလုပ်မှာပဲ ပျော်နေခဲ့ပြီ......ငါ့ရဲ့လမ်းကြောင်းလဲ မမှေးမှိန်တော့ဘူး...
တဖြည်းဖြည်းနဲ့လင်းလက်လာတာကို ငါကိုယ်တိုင်မသိခဲ့ဘူး.... အခုတော့.... ရေစုန်မျှောဖို့လုပ်ထားတဲ့...ငါလျှောက်ရမယ့်လမ်းက တဖြည်းဖြည်းနဲ့ လင်းလက်လာတာကို ငါတွေ့ခဲ့ရပြီ..... ဒီလိုဘ၀မှာပဲ ငါပျော်နေခဲ့ပြီ..... ၀ါသနာပါတဲ့အလုပ်ဆိုတော့ ပင်ပန်းသည်ဖြစ်စေမပင်ပန်းသည်ဖြစ်စေ.... ငါ့အတွက် ညည်းညူတာတွေမရှိပဲ ရှေ့ဆက်လမ်းကိုလျှောက်နိုင်ခဲ့ပြီ .... ခရီးတော့မဆုံးသေးဘူးပေါ့..... ဆက်လျှောက်နေဆဲလေ..... အမြင်တွေ ဖြောင့်ဖြောင့်တန်းတန်းနဲ့ဆက်လျှောက်နိုင်မယ်လို့ ငါ့ကိုယ်ငါထင်တယ်....
အခုတော့ ငါ့ဘ၀ကိုငါ ရေစုန်မမျှောတော့ဘူး....... ငါပျော်ရွှင်စွာနဲ့ပဲနေထိုင်တော့မယ်......
မျှော်လင့်ချက်ဝေးနေတဲ့ သူငယ်ချင်းတွေအားလုံးကိုလဲ စိတ်ဓါတ်မကျစေချင်ဘူး..... တစ်လမ်းမရရင် နောက်တစ်လမ်းကို ဆက်လျှောက်စေချင်တယ်..... အရာရာအားလုံးကို ပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါစေ.......

Saturday, December 31, 2011
ဝတ္တရားအရ....
"၀တ္တရားအရ" ဟုတ်လား.....
အရမ်းမုန်းတယ်... ၀တ္တရားဆိုတာကြီးကို.....
ဝတ္တရားဆိုမှတော့ စိတ်ထဲကမပါပဲလုပ်ရတော့တာပေါ့နော်...
ကျွန်တော်မတွေးမိလို့ပါ... ခုတော့သိပါပြီ
ဝတ္တရားဆိုတာ စေတနာမပါပဲလုပ်ပေးရတာပဲ....
ကျွန်တော့်ကို ၀တ္တရားအရဆောင်ရွက်ပေးတာကို ကျွန်တော်မရချင်ဘူး...
တဖြည်းဖြည်းနဲ့ ခင်ဗျားကြီးရဲ့ဝတ္တရားအရဆိုတာကြီးက ပိုပြီးသိသာလာတယ်....
ဝတ္တရားအရဆိုတော့လဲ ကျွန်တော်ပြောတဲ့စကားလုံးတွေ၊ ကျွန်တော်လိုချင်တဲ့ခင်ဗျားကြီးဆီက ဂရုစိုက်မှုတွေကို
ခင်ဗျားကြီးဘယ်ပေးနိုင်မလဲနော်...... ၀မ်းနည်းမိတယ်....
အရာအားလုံး(၁)က ပြန်စလို့ရရင်ကောင်းမှာပဲနော်.....
"၀တ္တရားအရပြုလုပ်ပေးခြင်းကို ကျွန်တော်မနှစ်ခြိုက်ပါ"
ကျွန်တော်လိုချင်တာ အဲဒီဝတ္တရားအရမဟုတ်ဘူး...
ကျွန်တော်လိုချင်တာ ခင်ဗျားကြီးရဲ့စစ်မှန်တဲ့ပေးစပ်မှုကို လိုချင်တာ...
အရာတိုင်းကို အရိပ်တကြည့်ကြည့်နဲ့ ကျွန်တော့်ကို ဂရုစိုက်နေစေချင်တာ...
ခင်ဗျားကြီးအလုပ်အချိန်ကလွဲလို့ပေါ့...
ခင်ဗျားကြီးက ကျွန်တော့်ကိုတန်ဘိုးမထားခဲ့ဘူး....
ကျွန်တော်ပြောသမျှအကုန်လုံးကလဲ သဲထဲရေသွန်သလိုပဲ...
ကျွန်တော်က ခင်ဗျားကြီးနဲ့အချိန်တိုင်းအတူနေချင်ခဲ့ပေမယ့်..
ခင်ဗျားကြီးက (၂၄)နာရီမဆိုထားနဲ့ အလုပ်အားတဲ့အချိန်တောင် ကျွန်တော်နဲ့အတူမနေပေးခဲ့ဘူး...
ကျွန်တော်က တောင်းဆိုမှသာ ခင်ဗျားကြီးခဏတဖြုတ်နေပေးတာလောက်ပဲရှိခဲ့တာ.. အဲဒီလိုတွေဖြစ်တာကိုလဲ အရမ်းမုန်းတယ်... ကျွန်တော်က ခင်ဗျားကြီးနဲ့ပါတ်သက်တဲ့အရာတွေကို
နားလည်ပေးနိုင်ပေမယ့် ခင်ဗျားကြီးက ကျွန်တော့်ကို ဘယ်အရာကိုမှ ဂရုမစိုက်ခဲ့ဘူး..
ဘယ်အရာမှာမှ သတိသရဆိုတာမရှိခဲ့ဘူး...
ကျွန်တော်ဒုက္ခရောက်နေရင်တောင် ခင်ဗျားကြီးဆီက အကူအညီတောင်းဖို့ တော်တော်ခဲယဉ်းမှန်း သိပါတယ်......
ခင်ဗျားကြီးကိုရွေးချယ်လိုက်တဲ့အတွက်လဲ ကျန်တဲ့သူတွေက ကျွန်တော့်ကိုအကူအညီမပေးကြတော့ဘူး...
ကျွန်တော်ဘယ်လိုရှေ့ဆက်ရမှာလဲ...
အဲဒီလိုတွေဖြစ်နေတာကို ဘာကြောင့် ပြတ်ပြတ်သားသားမလုပ်တာလဲ...
ကျွန်တော့်ကို သဘောမကျရင် ဘာကြောင့်ဆက်ပြီးလက်တွဲနေအုန်းမှာလဲ ကျွန်တော့်ကိုလမ်းခွဲလိုက်ပါလား....
တစ်ခုတော့ရှိတယ် ကျွန်တော်ကခင်ဗျားကြီးကိုချန်မထားခဲ့ချင်ဘူး... ခင်ဗျားကြီးကသာကျွန်တော့်ကို
ကျွန်တော်စိတ်ပင်ပမ်းလွန်းလို့ပါ...
ခင်ဗျားကြီးကိုလည်း မုန်းတယ်...

ပြတ်ပြတ်သားသားချန်ထားခဲ့ရင် ကျွန်တော်လက်ခံမှာပါ.. ခင်ဗျားကြီး,
ကျွန်တော့်ကို သဘောမကျမယ့်အတူတူတော့
ပြတ်ပြတ်သားသားစဉ်းစားပေးစေချင်တယ်.....ကျွန်တော်စိတ်ပင်ပမ်းလွန်းလို့ပါ...
ခင်ဗျားကြီးကိုလည်း မုန်းတယ်...
Tuesday, December 27, 2011
Thursday, November 17, 2011
Monday, November 7, 2011
Nivana Market Festival
Nivana Market Festival keepsake photo. Colleagues in my computer room.
Ritual according......
Myanmar nations do Nivana market festival at myanmar year (1373)year, Tan Saung Mone fullmonth, (15)day is same to international date (10-11-2011).
Can consume who person at Nivana Market .
Do charity to Tea,
ice-lolly, coconut milk jelly, fruit jelly,

Subscribe to:
Comments (Atom)
.jpg)