
စီးခြားနေတဲ့အိပ်မက်တစ်ခု
ညနက်ကြီးမှာရောက်လာတဲ့ တစ်စုံတစ်ရာ အဲဒီတစ်စုံတစ်ရာဟာဘာလဲ အသံလား အငွေ့လား အထိအတွေ့လား ဘယ်လိုမှန်းမသိခံစားလိုက်ရတယ်
ဟာ..... ဒါ.... သူများတွေပြောတဲ့သူရဲခြောက်ခံရတယ်ဆိုတာလား
အဲဒီအချိန်မှာ ဆံပင်တွေကမိုးကြိုးပစ်သလိုထောင်လာပြီး ကြက်သီးတွေထလာတယ် ငါတော့သွားပြီထင်တယ်လို့ထင်နေချိန်မှာ မီးကချက်ချင်းဖျက်ကနဲပွင့်လာတယ်လို့စိတ်ထဲမှာထင်တာ
ဒါပေမယ့်မီးပွင့်တာမဟုတ်ဘူး မျက်စိထဲမှာမြင်လိုက်ရတာက လင်းနေတဲ့အသူတရာနက်တဲ့ချောက်ကြီးတစ်ခုကိုတွေ့လိုက်ရတာ
အဲဒီအချိန်မှာ ကိုယ်ကိုတိုင်က ဘယ်နေရာရောက်နေမှန်းမသိဘူး စိတ်ထဲမှာ မွန်းကြပ်သလိုခံစားလိုက်ရတယ် အဲဒီနက်ရှိုင်းတဲ့ချောက်ကြီးရဲ့ အခြေကျဆုံးနေရာမှာ ကြယ်တမျှလက်နေတဲ့ အရာတစ်ခုကိုတွေ့လိုက်ရတယ် အဲဒါဘာလဲမသိဘူး ငါနဲ့တဖြည်းဖြည်းနီးလာသလိုခံစားလိုက်ရတယ် ဘာလဲဆိုတာသိချင်တဲ့စိတ်ကပျင်းပြလာလေ တဖြည်းဖြည်းနဲ့ပိုပိုနီးလာလေ ဖြစ်လာတယ်
အရောင်တွေထွက်နေတဲ့ လူတစ်ယောက်ပဲလို့စိတ်ထဲမှာထင်တယ်
အရောက်ထွက်တာမှ မျက်စိစူးလောက်အောင်အရောက်ထွက်နေတာ
ဘာလဲဆိုတဲ့ သိချင်စိတ်နဲ့ငါအနားတိုးသွားတော့
သူဆီကစူးရဲတဲ့အရောင်က တဖြည်းဖြည်းငါမျက်စိကိုကြည်လင်လာစေတယ်
ဟာ..... လူတစ်ယောက်ပဲ
တဖြည်းဖြည်းအနားတိုးလိုက်တော့ ကောင်မလေးတစ်ယောက်ပဲ
အဲဒီကောင်မလေးရဲ့ကျောနောက်မှာ အဖြူရောင်အတောင်ပံ နှစ်ခုပါတယ်
သူမက သူ့အနားတိုးလာတာကိုမြင်တော့ မြင်ဖူးသလိုအကြည့်နဲ့ကြည့်တယ်
သူမကြည့်တဲ့အချိန်မှာပဲ မြင်ဖူးသလိုခံစားလိုက်ရတယ်
ဒီကိုဘယ်လိုရောက်နေတာလဲလို့မေးလိုက်တော့
သူမကခေါင်းခါပြတယ်
သူမစကားမပြောတတ်ဘူးဆိုတဲ့အကြောင်းကို
လက်ဟန်ခြေဟန်နဲ့ပြတယ် ဘာပြောတာလဲမသိဘူး
သူမစကားမပြောတတ်ဘူးပဲ
ငါသူ့နားကိုရောက်သွားတယ်ခြေတောက်တွေကမရွှေ့ရဘဲ အလိုလိုရောက်သွားတယ် သူ့အနားရောက်လေ ငါ့ရဲ့ရင်ထဲကတစ်ခါမှမခံစားဖူးသလို ခံစားနေရတယ် ဒါ.....ငါ ရင်ခုန်တယ်ဆိုတာများလား မိုးကြိုးပစ်သလိုဆံပင်ထောင်နေတာတွေဘယ်ရောက်သွားပြီလဲမသိဘူး
စိတ်ထဲမှာတော့ရယ်ချင်မိတယ် သူမကိုတွေ့တာနဲ့ ဘယ်လိုမှန်းမသိတဲ့စိတ်တွေက
အခုတော့ဘယ်လိုမှန်းသိလာတယ်
သူမက ရုပ်ရုင်ထဲကမင်းသမီးလိုတော့မလှပါဘူး ဒါပေမယ့် သူ့မျက်နှာက အေးချမ်းပြီးချစ်စရာကောင်းတယ်လို့စိတ်ကထင်မိတယ်
ချစ်စရာကောင်းတယ်လို့ စိတ်ထဲကထင်မိတယ် သူမကိုဘယ်သူလည်းဆိုတာ သိချင်လာတယ် ခက်တာက သူစကားမပြောတတ်ဘူးပဲ သူမကိုကလည်းငါ့ကို ကြည့်တဲ့ပုံကရင်နှီးသလိုခံစားရတယ် ငါသူ့အပေါ်ကိုခံစားနေရတဲ့ခံစားချက်လိုပဲ သူခံစားနေရတယ်ထင်တယ် သူမကအခြားနေရာတစ်ခုကိုညွှန်ပြတယ် အဲဒီနေရာကို သွားရအောင်ဆိုတဲ့အဓိပ္ပါယ်နဲ့ကြည့်ပြီး ငါ့လက်ကိုဆွဲပြီးသူမရဲ့ အတောင်ပံနှစ်ခုကို ခတ်လိုက်တယ်
ငါလေထဲမှာ ပေါ့ပါးစွာနဲ့သူမခေါ်ရာနောက်ကို ပါသွားတယ်
သူမရဲ့အတောင်ပံခတ်လိုက်တိုင်း ကြယ်စင်တွေသူမနောက်ကိုလိုက်နေသလိုမြင်ရတယ်
သူမအကြောင်းစဉ်းစားနေချိန်မှာပဲ အလွန်သာယာတဲ့နေရာတစ်ခုကိုရောက်သွားတယ်
အဲဒီနေရာမှာ မှန်အခေါင်းတစ်ခုကိုတွေ့လိုက်ရတယ် သူမက အဲဒီမှန်အခေါင်းတစ်ခုကို ညွှန်ပြတယ် မှန်အခေါင်းထဲကိုကြည့်လိုက်တော့ သူမရဲ့ပုံတူပဲ
သူမကို အံ့သြစွာနဲ့ပြန်ကြည့်လိုက်တော့ သူမ၀မ်းနည်းစွာငိုနေတယ်
သူမငိုနေတာမြင်ရတော့ ငါ့ရဲ့ရင်ထဲမှာစိတ်ထိခိုက်လာတယ် သူမက ငါ့ကို စိုနေတဲ့မျက်ဝန်းတွေနဲ့စိုက်ကြည့်တယ် သူမနဲ့ ငါက စီးခြားနေတယ်ဆိုတဲ့အကြောင်းကို ငါ့ကိုခြေဟန်လက်ဟန်နဲ့ပြတယ် ငါသူမရဲ့ခြေဟန်လက်ဟန်တွေကို (ဘာလို့နားလည်လွယ်တာလဲ)
တဖြည်းဖြည်းနဲ့သူမကိုကြည့်ရတာေ၀၀ါးလာတယ် အမြင်တွေကေ၀၀ါးလာလေ သူမရဲ့ငိုရှိုက်သံက ငါရဲ့ရင်ကိုပိုပိုစို့နင့်လာစေတယ် ငါ့ရဲ့အမြင်တွေကေ၀၀ါးရင်းနဲ့ပဲ ဘာမှမမြင်ရတော့ဘူး ငါ့ရဲ့ရင်တစ်ခုလုံးစို့နင့်အောင်ခံစားနေရတယ် အဲဒီအချိန်မှာ ငါအိမ်မက်မက်နေတာပါလားဆိုတာကို သိလာတယ် သူမအနားမှာ ရှိမလားဆိုတဲ့မျှော်လင့်ချက်နဲ့ အိပ်ယာဘေးဘီဝဲယာကို လိုက်ကြည့်မိတယ်

သူမငိုနေတာမြင်ရတော့ ငါ့ရဲ့ရင်ထဲမှာစိတ်ထိခိုက်လာတယ် သူမက ငါ့ကို စိုနေတဲ့မျက်ဝန်းတွေနဲ့စိုက်ကြည့်တယ် သူမနဲ့ ငါက စီးခြားနေတယ်ဆိုတဲ့အကြောင်းကို ငါ့ကိုခြေဟန်လက်ဟန်နဲ့ပြတယ် ငါသူမရဲ့ခြေဟန်လက်ဟန်တွေကို (ဘာလို့နားလည်လွယ်တာလဲ)
တဖြည်းဖြည်းနဲ့သူမကိုကြည့်ရတာေ၀၀ါးလာတယ် အမြင်တွေကေ၀၀ါးလာလေ သူမရဲ့ငိုရှိုက်သံက ငါရဲ့ရင်ကိုပိုပိုစို့နင့်လာစေတယ် ငါ့ရဲ့အမြင်တွေကေ၀၀ါးရင်းနဲ့ပဲ ဘာမှမမြင်ရတော့ဘူး ငါ့ရဲ့ရင်တစ်ခုလုံးစို့နင့်အောင်ခံစားနေရတယ် အဲဒီအချိန်မှာ ငါအိမ်မက်မက်နေတာပါလားဆိုတာကို သိလာတယ် သူမအနားမှာ ရှိမလားဆိုတဲ့မျှော်လင့်ချက်နဲ့ အိပ်ယာဘေးဘီဝဲယာကို လိုက်ကြည့်မိတယ် ဘယ်လိုလို့သူမကရှိလာမှာလဲ အိပ်မက်မက်တာပဲ မနက်မိုးလင်းတာနဲ့ဝတ္တရားရဲ့ခိုင်းစေချက်တွေကို လုပ်ပြီး အလုပ်သွားရတော့မယ် အလုပ်နဲ့ကိုယ့်အိမ်ရဲ့လမ်းမှာ ငါ့ရဲ့စို့နင့်နေတဲ့ရင်ထဲကခံစားချက်တွေက အခုထိစိုးမိုးနေတုန်းပဲ နောက်နေ့နောက်နေ့တွေလည်းဒီလိုပဲခံစားရမှာလား ခံစားရလေ အိပ်မက်ထဲကဘာမှန်းမသိတဲ့ကောင်မလေးက ငါ့ကိုစိုးမိုးနေတယ် သူမကဘာလို့စီးခြားတဲ့အဓိပ္ပါယ်ကိုပြရတာလဲ ငါကရောသူမရဲ့အမူအရာတွေကိုဘာလို့များ နားလည်နေရတာလည်း အပြင်မှာသူများအမူအယာနဲ့ပြခဲ့ရင်တောင် သိပ်နားလည်တာမဟုတ်ဘူး ထူးတော့ထူးဆန်းတယ်

Sent at 3:49 AM on Saturday
မှတ်ချက်-စည်းခြားနေတဲ့ သူများကို ရည်ညွှန်းပါသည်။
ဒီစာကိုဖတ်ပြီးဝေဖန်ပေးပါ။
No comments:
Post a Comment